Mobile Application Testing အတွက် ဘာတွေ အလေးထား လုပ်ဆောင်ဖို့ လိုအပ်မလဲ ?
- Emulator vs Real Device
- Types of Mobile Testing
လက်ရှိမှာ Mobile Application Development ပိုင်းမှာ အလုပ်လုပ်နေတဲ့ စာရေးသူရဲ့ လုပ်ငန်းခွင် အတွေ့အကြုံတွေကို အခြေခံပြီး ဝေမျှ ရေးသားပေးထားတာ ဖြစ်ပါတယ်။
အခုလို လုပ်ငန်းခွင် အတွေ့အကြုံတွေကို တိုက်ရိုက်လေ့လာ ဖတ်ရှုခွင့်ရဖို့ဆိုတာ ရှားပါးတဲ့ အခွင့်အရေး ဖြစ်သလို၊ ပြည့်ပြည့်စုံစုံ ရေးသားထားတာ ဖြစ်လို့ Mobile Development ကို စိတ်ဝင်စား လေ့လာနေသူများ အတွက် ပိုမိုကောင်းမွန်တဲ့ Apps များ ထွက်ပေါ်လာစေဖို့ရာ အထောက်အကူပြုပေးနိုင်မယ့် အချက်အလက်တွေ ဖြစ်ပါတယ်လို့ အသိပေးအပ်ပါတယ်။
PDF Download
https://my.pcloud.com/
Mobile Phone က လူတိုင်း လက်ထဲ အလွယ်တကူ ရှိနေတဲ့အခါ
အသေးစား Notes မှတ်တာ၊ အသုံးစရိတ်မှတ်တာက စလို့
မိမိ လိုအပ်တဲ့ Apps တွေကို PlayStore, App Store ကနေ
ရှာပြီး Install လုပ်လာ ကြပါတယ်။
Mobile Developments တွေ ခေတ်စားလာတာနဲ့ အမျှ
App Category အမျိုးစားတခု အနေနဲ့ ရှာကြည့်ရင်ကို
Company အမျိုးမျိုးက ပုံစံ အမျိုးမျိုး နဲ့ ရေးထားတဲ့
ရွေးချယ်စရာ App အများကြီးရှိနေတာ တွေ့ရမှာ ဖြစ်ပါတယ်။
ဥပမာ အနေနဲ့
App Store မှာ Notes လို့ ရှာကြည့်တယ်ဆိုပါစို့။
- Evernote,
- Microsoft OneNote,
- Notes Pro, .etc.
အများကြီးတွေ့ရပါလိမ့်မယ်။
App တွေရဲ့ Features တွေက
တခုနဲ့တခု exactly same မဟုတ်ပေမယ့် ဥပမာ Evernote နဲ့
Notes Pro တို့ဆိုရင် အဓိက Main Feature ဖြစ်တဲ့
Note အသုံးပြုရတာတော့ တူတာကို တွေ့ရမှာ ဖြစ်ပါတယ်။
ဒါဆို User အတွက် ရွေးချယ်စရာ
အများကြီးထဲက မိမိ App က Attractive ဖြစ်နေစေဖို့
Developer/ Company အေနနဲ႕ App icon ကစျပီး
Reviews, Feedback တွေထိ ဂရုစိုက်ကြရတော့မှာ ဖြစ်ပါတယ်။
App UI Design အပြင် App Quality ကလည်း
အရေးပါပါတယ်။
ဒီ App ကိုသွင်းလိုက်မှ
- Phone က လေးသွားတာမျိုး၊
- တချိန်လုံး App က download တွေ ဆွဲပြီး
Battery Consume ဖြစ်သွားတာမျိုး၊
- User friendly design မဖြစ်တာမျိုး စသဖြင့်
အဆင်မပြေတာတွေ ဖြစ်နေရင် User က Install လုပ်ပြီး
မကြာဘူး Uninstall လုပ်သွားဖို့ များပါတယ်။
Solution ကောင်းပေမယ့်၊ App idea ကောင်းပေမယ့်
အထက်က ပြောသလို တခုခု အဆင်မပြေဖြစ်နေရင်
User အနေနဲ့က Solution တူတဲ့ တခြား App ကို
ရွေးချယ်ဖို့ ဖြစ်သွားပါတယ်။
ဒါ့ကြောင့် App တခုအတွက် အရှေ့က ပြောခဲ့တဲ့
အချက်တွေအပါအဝင် Testing ကောင်းကောင်း လုပ်ဖို့ က
အရေးပါပါတယ်။
ဒီ Article မွာ emulator vs Real Device နဲ႕
Mobile Testing Types အကြောင်း အကျဉ်းရေးထားပါတယ်..။
Emulator vs Real Device
Testing လို့ပြောရင် အချို့က emulator သုံးပြီး စမ်းတာနဲ့
ဖုန်းပေါ် စမ်းတာ မကွာဘူးလို့ထင်ကြတယ်။
Emulator က testing အတွက် ကောင်းပါတယ်။
Development လုပ်နေရင်း Testing Run ဖို့အတွက်
easy access လည်း ဖြစ်လို့ App ရဲ့ basic functionality
testing လုပ်ဖို့ သင့်တော်ပါတယ်။
Screen size မျိုးစုံ ဖုန်း အမျိုးစား အများစုကို
Emulator မှာ Profile အမျိုးမျိုး Create လုပ်ပြီး
Run နိူင်တဲ့ အတွက် ကုန်ကျစရိတ်လည်း မရှိတော့ဘဲ
အသုံးပြုရတာ အဆင်ပြေပါတယ်။
ဒါပေမယ့် Emulator က Powerful PC ပေါ်မှာ Laptop / Computer ပေါ်မှာ
Run တာဖြစ်တဲ့ အတွက် Real Device ရဲ့
Performance နဲ့ တော့ တူမှာ မဟုတ်ပါဘူး။
အဲ့ဒီ အတှကျ Emulator က Real Device နရောကို
အစားထိုးနိူင်ပြီလား.စဉ်းစာ
Emulator ပေါ်ပဲ Testing လုပ်တာ လုံလောက်ပြီလား ဆိုတာကတော့ စဉ်းစားရမယ့် အချက်ပါ။
Real Device ပေါ်မှာပါ Testing လုပ်နိူင်မယ်ဆိုရင်တော့..
Advantages အေနနဲ႕
- App မှာပါတဲ့ Activities တွေအတွက် စမ်းသပ်လိုတဲ့
Result ကို တိတိကျကျ ချက်ချင်း သိရပါတယ်။
- Phone ရဲ့ memory ပေါ် ကိုယ့် App က
impact ဘယ်လောက်ရှိတယ်၊ App အများကြီးသွင်းထားလို့
Memory သိပ် မကျန်တဲ့ Phone မှာ App Run နိူင်တဲ့ အခြေအနေ ရှိမရှိ တို့ကို သိရှိနိူင်ပါတယ်။
- Multiple networks (Wi-Fi, 4G, 3G, etc.) အသုံးပြုပြီး
စမ်းနိူင်ပါတယ်။
ဥပမာ Wifi နဲ့ အဆင်ပြေတဲ့ App က
Mobile Data နဲ့သုံးမယ်ဆိုရင် အဆင်ပြေနိူင်သလား စသည်ဖြင့် စမ်းသပ်နိူင်ပါတယ်။
- User Interface ကို လက်တွေ့ အသုံးပြုကြည့်နိူင်ပါတယ်။
ဥပမာ... Phone ရဲ့ back button နှိပ်လိုက်တဲ့ အခါ
Page တွေ ညွှန်ထားတာ အဆင်ပြေမပြေ၊ Error ရှိမရှိ
ချက်ချင်း သိနိူုင်ပါတယ်။
- Real Device ပေါ်စမ်းသပ်ပြီးနောက် မိမိ စိတ်ထဲမှာ
Feedback တခုခု ရရှိလွယ်ပါတယ်။
ဥပမာ ဘယ် Page မှာ
ဘယ်လိုပြရင် User friendly ဖြစ်တယ်ဆိုတာမျိုး နဲ့
Changes လုပ်ဖို့ idea တို့ ရလာနိူင်ပါတယ်။
- Development လုပ်နေစဉ် အတွင်းမှာ Emulator ကိုတော့
ရှောင်လွှဲလို့ မရနိုင်ပေမယ့် Emulator အပြင်
Real Device နဲ့ပါ App testing တွဲလုပ်နိူင်မယ်ဆိုရင်တော့
Error / Issue မရွိဘဲ App Target ထားတဲ႕ solution,
objectives, functions တွေက ကောင်းမွန်စွာ Run နိူင်မှာ
ဖြစ်ပါတယ်။
ဒါပေမယ့်လဲ Real Device တွေပေါ် Testing လုပ်ဖို့အတွက်
ပေါ်သမျှ ထွက်သမျှ ဖုန်းအမျိုးအစားတိုင်း လိုက်ဝယ်ဖို့တော့
မဖြစ်နိုင်ပါဘူး။
အဲ့ဒီ အတွက် လက်ရှိ Market မှာ အသုံးများတဲ့ Handset အမျိုးအစား တချို့ နဲ့ ဖုန်း အများစုမှာ ရှိနေတဲ့ OS Version ပေါ်စမ်းသပ်နိူင်ရင် လုံလောက်တဲ့ စမ်းသပ်မှုတော့ ရနိူင်ပါတယ်။
Types of Mobile Testing
Mobile Testing မှာ အဓိက အနေနဲ့
1. Hardware Testing နဲ့
2. Software / Application Testing ဆိုပြီး ၂ မျိုးရှိပါတယ်။
1. Hardware Testing
Hardware Testing က Phone ရဲ႕
• Internal processors
• internal hardware
• screen sizes
• resolution
• space or memory
• camera
• radio
• Bluetooth
• WIFI စတဲ့ Phone ရဲ့ Feature အချို့ကို အသုံးပြုပြီး
လိုအပ်သလို စမ်းသပ်တာမျိုးပါ။
2. Software/Application Testing
Software / Application Testing အေနနဲ႕
Usability testing
User အတွက် Ease of use ဖြစ်မဖြစ်
စမ်းကြည့်ဖို့လိုပါတယ်။
Compatibility testing
Screen Size အမျိုးအစား၊ OS မတူတဲ့ ဖုန်းတွေမှာ
အဆင်ပြေမပြေ စမ်းသပ်ကြည့်ဖို့ လိုပါတယ်။
Interface testing
App မှာ ပါတဲ့ buttons, settings, menus, navigation flow စတဲ့ Interface တွေ အလုပ်လုပ်တာ မလုပ်တာ
error ရှိမရှိ စမ်းသပ်ဖို့လိုပါတယ်။
Services testing
Online / Offline အခြေအနေတွေမှာ
App က အလုပ်လုပ်ပုံ နဲ့ Error ရှိမရို စမ်းသပ်ဖို့လိုပါတယ်။
Low level resource testing
App က နေ
Temporary files တွေ Local Database files တွေ
Phone memory မှာ သိမ်းတယ်ဆိုရင် Database ကသာ
တဖြည်းဖြည်း size ကြီးလာရင် resource တွေ ကို ဘယ်လို
handle လုပ်မလဲ Memory usage ဘယ်လောက်ယူသွားလဲ ဆိုတာ စမ်းသပ်ဖို့လိုပါတယ်။
Performance testing
App အသုံးပြုရင်း
- Force Stop / unexpected stop စတဲ့ Issue များ battery consumption ဘယ်လောက်ယူသလဲ ?
- App ကသုံးရတာ နှေးတာ၊ ခဏခဏ ဟမ်းနေတာ စတဲ့
Performance Issue ရှိမရှိ ကို စမ်းသပ်ဖို့လိုပါတယ်။
Operational testing
App ကို အသုံးပြုနေရင်း ဖြစ်ဖြစ်၊ Update လုပ်နေရင်း ဖြစ်ဖြစ် App Run နေတဲ့ အချိန် အတွင်းမှာ ရုတ်တရက် Battery ကုန်သွားတာမျိုး၊ Wifi / Mobile Data မရတော့တဲ့ အခါမျိုးမှာ Data Recovery , backup plans တွေ အနေနဲ့ ဘယ်လို handle လုပ်လဲဆိုတာလည်း စမ်းသပ်ဖို့လိုပါတယ်။
Installation tests
App ကို Install / Uninstall ခဏခဏ
လုပ်ကြည့်ပြီး Issue ရှိမရှိ စမ်းဖို့လိုပါတယ်။
Security Testing
App က Data အချို့ကို Phone Memory ပေါ် သိမ်းတယ်ဆိုရင် အရေးကြီးတဲ့ Data အချို့ကို Protect လုပ် တဲ့ အပိုင်းမှာ စမ်းသပ်ဖို့လိုပါတယ်။
လုံလောက်တဲ့ Testing မလုပ်ဘဲ App ကို Publish လုပ်မယ်ဆိုရင်၊ User တွေဆီက Impression အနေနဲ့ရော brand Image အနေနဲ့ရော ထိခိုက်မှုတွေရှိနိုင်ပါတယ်။
လုံလောက်တဲ့ Testing လုပ်ဖို့ Emulator အပြင် Real Device ပေါ်မှာလည်း Testing လုပ်ဖို့ တကယ်ပဲ လိုအပ်မှာ ဖြစ်ပါတယ်။
App တခုရဲ့ အောင်မြင်မှုက Quality ပေါ်မူတည်တာကြောင့် Testing ကောင်းကောင်း လုပ်ပြီး Quality Control လုပ်ဖို့ အရေးကြီးပါတယ်။
အထက်ပါ အချက်များဟာ Mobile Testing အတွက် Highlight အချက်တွေပဲ ဖြစ်တဲ့အတွက် Mobile Testing နဲ့ပက်သက်လို့ ဒီထက် အသေးစိတ် ရှင်းပြချက် များကို ဆက်လက်ရှာဖွေ ဖတ်ရှုနိုင်စေဖို့ အကြံပြု ရေးသားအပ်ပါတယ်။
Credit: Heavenly Moe
Photo Ref: http://spidertip.com/
No comments