Header Ads

ad728
  • Breaking News

    Web Designer နဲ့ Web Developer ကွာခြားချက်

                       
    Image result for web design and development

     အကြောင်းအရာကို ပြောလိုက်တဲ့အချိန်မှာ IT filed မှာကျင်လည်ပြီးသားလူ အတွေ့အကြုံ ရှိပြီးသား  လူအတွက်တော့ ခြားနားချက်တွေက အကွာကြီးပါလို့ ပြောကြမှာပါ။ ကျွန်မကလဲ ကွာလွန်းတဲ့အတွက် ဘယ်လောက်တောင် ကွာခြားတယ်။ အခုမှ Web လောကထဲ တနည်း အားဖြင့် IT filed ထဲ ကျင်လည် လာမဲ့ လူ တစ်ယောက်အတွက် ဘယ်လို Position မျိုးဟာ ကိုယ့်ရဲ့ဝါသနာ အကြိုက်နဲ့ ကိုက်ညီမလဲဆိုတာ အကြမ်းဖျဉ်း သိစေချင်တဲ့သဘောပါ။ ခုခေတ် လူငယ်တော်တော် များများမှာ အခက်ကြံုနေရတာ.. လမ်း လွဲနေရတာတွေဟာ တကယ် တိတိကျကျ မသိတာရယ်၊ ဟုတ်နိုးနိုးအထင်၊ ကောင်းနိုးနိုး အထင်နဲ့ သင်တန်းတွေ တခုပြီး တခုတက်ပြီး ကိုယ် ဘာဖြစ်ချင်တယ် ဆိုတာ မသိကြလို့ပါ။

    တနည်းအားဖြင့် ဝါသနာနဲ့ အလုပ် မကိုက်ညီလို့ပါ။ ဝါသနာနဲ့ အလုပ်မကိုက်ညီကြဘူးဆိုလျှင် တစ်အချက် စာသင်ရတာ စိတ်မဝင်စားတော့ပါဘူး (သင်တန်းတွေ ဘယ်လောက်စျေးကြီးပေး တက်တက်ပါ)။ လူငယ်လဲဖြစ်တာ အလျှောက် နှစ်အချက် အလေလိုက် ချင်လာပါတော့တယ်။ အရာရာက ယောင်ဝါးဝါးဖြစ်နေလို့လဲ ကိုယ့်ကိုကိုယ် စိတ်ဓာတ် ကျလာပါတယ်။ သုံးအချက် ကတော့ အလုပ်လက်မဲ့မို့လို့ ကြာလာရင် လူကြီးမိဘတွေရဲ့ ပြစ်တင် ဝေဖန် သံတွေကြားရ ပါတော့မယ်။ ကျွန်မ ဒီလို နိဒါန်းတွေရှည်နေတာ ဆရာလုပ်ချင်တဲ့ ရည်ရွယ်ချက်မျိုး မဟုတ်ပဲ ကိုယ်သိ သလောက် ကိုယ်တတ်သလောက် ကို ချပြချင်တဲ့စေတနာ အရင်းခံသက်သက် သာဖြစ်တယ်ဆိုတာ အားလုံးကို အသိပေးချင်လို့ပါ။ ကျွန်မရည်ရွယ်ချက်ကို အထင်အမြင်တိမ်းစောင်းမှာဆိုးလို့ စကားပလင် ခံပြီးပြောနေတာပါ.. ကျေးဇူးမတင်ချင်ရင်နေပါ ကျွန်မစေတနာတော့ အစော်ကားမခံချင်လို့ပါ။ ကဲ လေနဲနဲ ရှည်သွားပြီဆိုတော့ ။ စပြောပြီနော်။

    အမြဲတမ်းလိုလို နေရာတိုင်းမှာ web designer/developer position ခေါ်တာတွေ web/graphic designer ခေါ်တာတွေ မြင်ဖူးနေကျဖြစ်မယ်လို့ ထင်ပါတယ်။ အဲဒါကြောင့် ဒီနေရာမှာ web designer/ developer ဟာ မျဉ်းလေးခြားထားပေမဲ့ ကွဲပြားပါတယ်ဆိုတဲ့ အချက်တွေ ပြောချင်လို့ပါ။ သူဌေးတော်တော် များကလဲ တူတယ်လို့ ထင်သယောင်ယောင်ဖြစ်ကြပါတယ် (အဲဒိမှာ technician Boss တွေမပါဘူးပေါ့နော်) သာမန်လူတွေလဲတူတယ်လို့ထင်နေမှာဆိုးလို့ပါ။ နောက်ပိုင်းမှာလဲ အချိန် ရရင်ရသလို web/graphic designer ကွာပုံ ကွာနည်းလေးပြောပါ့မယ်။

    Web Designer
    Web Designer က ဘာလဲဆိုရင် အားလုံးသိကြတဲ့အတိုင်း Design ကိုအခြေခံပါတယ်။ Design တခုကို create လုပ်တဲ့နေရာမှာ အဲဒိမှာ ဒီဇိုင်းအမြင်ရှိသူက ပိုအဆင်ပြေပါလိမ့်မယ်။ တချို့တချို့သော ဒီဇိုင်း အမြင်မရှိသူတွေကို ဘယ်လိုမှလုပ်ယူလို့မရတာ ကျွန်မ လက်တွေ့ကြုံခဲ့ဖူးပါတယ်။ အဲဒီတော့ ဒီဇိုင်း တခုကို ဆွဲပြီဆိုရင် colour ဘာရောင်သုံးမယ် အဲဒီအရောင်နဲ့ လိုက်ဖက်တာ ဘာတွေရှိမယ်။ User တယောက်ကို ဘယ်လိုဆွဲဆောင်ရမလဲဆိုတာ ခဏထား.. ကိုယ့်အမြင်မှာ ဘယ်လိုတင့်တယ်အောင် ထားမလဲ ဆိုတာ အရင်တွေးရပါတယ်။ ဒီဇိုင်းတခုကိုတွေးတဲ့အခါမှာ ကန့်သတ်ထားတဲ့ နယ်နမိတ် ရှိတယ် ဆိုပေမဲ့ အတွေးတွေကို ဖြန့်ကျက်ထားရပါတယ်။ ပြောရမယ်ဆိုရင်တော့ အတွေးတွေနဲ့ လွင့်မျောရပါ တယ်။ ကိုယ့်အတွေးကို စီးမျောခွင့်ပေးမှသာ formal မဟုတ်တဲ့ ဒီဇိုင်း။ တနည်းအားဖြင့် ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းရဲ့ ကိုယ်ထည်ရပါမယ်။ ပြီးပြည့်စုံအောင် နောက်တဆင့် အနေနဲ့ color နဲ့ချယ်မှုန်းရပါတယ်။ အိမ်ဆောက်သလိုမျိုးပေါ့.. ကွန်ဒိုတခုကို အမြင်တင့်တယ်ချင်ရင် ဘယ်လို အခန်းမျိုးနဲ့ ပထမဆုံးဖွဲ့စည်း မလဲ ပြီးရင်တော့ decoration နဲ့ အဆုံးသတ် ဖော်ပြလိုက်သလိုမျိုးပါပဲ။ ဒီဇိုင်းဟာ အဲဒိသဘော သဘာဝနဲ့ဆင်တူပါတယ်။ Photoshop မှာ ဒီဇိုင်းဆင်ပြီးသွားပြီဆိုရင်တော့ web ပေါ်မှာ (browser ပေါ် မှာ) ကြည့်နိုင်အောင် မရှိမဖြစ် Html, CSS နဲ့ အဲဒိဒီဇိုင်းလိုမျိုးထွက်အောင် ပြန်ပြင်ဆင်ရပါတယ်။ ပြီတော့မှ animation အနေနဲ့ jQuery, Javascript စသည်ဖြင့် Third party language အနေနဲ့ အသုံးပြုပါတယ်။ အဲဒိထက်ပိုတာကတော့ web application site တခုခုကိုရေးတဲ့အခါမှာလည်း Designer တစ်ယောက် အနေနဲ့ PHP, asp.net တော့ အခြေခံအားဖြင့်သိထားဖို့လိုပါတယ်.. လိုအပ်ရင်လိုအပ်သလို design error တက်တာမျိုး၊ လိုအပ်တဲ့ ဒီဇိုင်းထည့်ရေးတဲ့အချိန်မျိုးမှာ အဲဒါတွေ မသိပဲ လုပ်လို့မရပါဘူး။ ကိုယ် ကိုယ်တိုင် ဝင်ရောက်ရေးရတာမျိုးတွေလဲရှိတဲ့အတွက် သိထားဖို့လိုပါတယ်။ အဲဒါကတော့ web designer တွေရဲ့လုပ်ဆောင်ချက်ပါ။

    Web Developer
    အားလုံးသိကြတဲ့အတိုင်း oop concept ကိုအခြေခံထားတဲ့ Language ဖြစ်ပြီး web browser အတွက် သီးသန့်ရေးဖို့အတွက် တီထွင်ထားတဲ့ Language တမျိုးနဲ့ coding တွေရေးကြရပါတယ်။ အကြမ်းအားဖြင့် asp.net၊ PHP နှစ်မျိုးရှိပါတယ်။ Developer ပိုင်းအနေနဲ့ Database အထိ ကိုင်စရာမလိုဘူးဆိုရင်တောင် Table ချိတ်ပုံချိတ်နည်း၊ database အကြောင်းတော့ သိထားရပါမယ်။ မဟုတ်ရင် Proj ကြီးကြီးတွေမှာ လိုအပ်လို့ အဲဒိအပိုင်းထည့်တွက်တဲ့အခါမှာ ဒုက္ခရောက်နိုင်ပါတယ်။ အဲဒိ Asp.net, PHP လို Language မျိုးကိုတော့ Server Side programming language လို့လဲ ခေါ်ဆိုနိုင်ပါတယ်။ အဲဒိမှာ Database နဲ့ချိတ်ဆက်ဖို့ဆိုရင် MsSQL, MySQL, စသည်ဖြင့်တခုခုနဲ့ ချိတ်ဆက်အသုံးပြုပါတယ်။ Web application တခုရေးမယ်ဆိုရင်တော့ Web Developer တစ်ယောက်၊ နှစ်ယောက် မရှိပဲ မရေးနိုင်ပါဘူး။ Developer တွေ က တကယ်ကို အရေးပါအရာရောက်သူတွေပါ။ Database လဲကောင်းစွာကိုင်နိုင်ပြီး Coding ပိုင်းလဲ ကျွမ်းကျင်စွာရေးနိုင်မယ်ဆိုရင် web application တခုခုကို ကောင်းကောင်းရေးနိုင် ပါတယ်။ ဒါပေမဲ့ web application အကြီးအသေးပေါ်မှုတည်ပြီး developer နှစ်ယောက်ထက်ပိုသော လူတွေ လိုအပ်ပါတယ်။ Developer တွေရဲ့ စဉ်းစားပုံ စဉ်းစား နည်းတွေက logic ဆန်တယ် ဘောင်ခတ် ထားတယ်။ သူတို့တွေက စိတ်ကိုတည်ငြိမ်အောင် ထားနိုင်တဲ့ သူတွေပါ။ အဖြေတခုရဖို့အတွက် ဘယ်လို နည်းပရိယာယ်တွေနဲ့ ဘယ်လို အကွက်ဆင်ပြီး ဘယ်လိုပဲ လာလာ ဒီအဖြေတခုထွက်ဖို့အတွက် စဉ်းစား ရသူတွေပါ။ သူတို့တွေဟာ အတွေးတွေကို ဖြန့်ကျက် လို့မရဘူး။ စီးမျောလို့မရဘူး။ အာရုံတွေကို စုစည်းထားရသူတွေပါ။ ဒါလုပ်ရင် ဒါဖြစ်မယ်။ ဟိုဟာ လုပ်ရင်ကော ဒါဖြစ်အောင် ဘယ်လိုလုပ်မလဲ ဆိုတာတွေကို Logic code တွေနဲ့ ဘောင်ခတ်ပြီးရေး ရပါတယ်။

    ဒီအပိုင်း မှာတော့ Exp မရှိသူနဲ့ ရှိသူဘာကွာလဲဆိုရင် result ပေါ်ကြည့်ပြီး ဆုံးဖြတ်ရ ခက်နေရင် coding ပေါ်ကြည့်ပြီးဆုံးဖြတ်နိုင်ပါတယ်.. coding သေသပ်လှပမှုနဲ့ ကျစ်ကျစ်လစ်လစ် နဲ့ရေးသွားတာ ကွာသွားတာပါပဲ။ exp ရှိသူတွေအနေနဲ့ result တခုရဖို့ သုံးလေးကြောင်းရေးလိုက်နိုင်ပေမဲ့ exp အား နည်းသူတွေကတော့ ၁၀ကြောင်းမက ရေးမှ အထမြောက်တာမျိုးလေးတွေရှိပါတယ်။ Developer လုပ်မယ် ဆိုရင်တော့ ခေါင်းမွှေးမကြာခင်ဖြူချင်ဖြူ မဖြူချင် ပြောင်မယ်လို့တောင် ပြောနိုင်ပါတယ်။ ဦးနှောက်ခြောက် ပါတယ်။ Logic ဆန်ဆန်တွေးခေါ်ရတာမျိုး၊ ဒါလေးကို ဘယ်လိုနည်းနဲ့ ရအောင် ရေးမလဲ။ ဒီအဖြေကို ဘယ်လိုထွက်အောင် coding လေးဘယ်လိုရေးမလဲ ဆိုတာမျိုး စဉ်းစားချင်သူတွေနဲ့ ကိုက်ပါ တယ်။ တနည်းအားဖြင့် တွက်တာချက်တာ ဝါသနာပါသူမျိုးပေါ့။

    Developer တယောက် လုပ်မယ်ဆိုရင် အခြေခံအားဖြင့် Html ကိုနဲနဲလောက်သိထားမှ အဆင်ပြေပါမယ်။ PHP language အသုံးပြုပြီးရေးသားသူတွေမှာ Html tag တွေကို မသိပဲနဲ့ ရှေ့ဆက်ဖို့ မဖြစ်နိုင်ပါဘူး။ သူ့မှာ UI ကို supporting ပေးနိုင်တဲ့ software မရှိတာတစ်ကြောင်း၊ Html tag တွေကြားထဲမှာ လိုချင် သလို ပုံဖော်ရေးရတာ ပိုအဆင်ပြေတဲ့အတွက် မရှိမဖြစ် html ကိုသိထားမှသာ အဆင်ပြေနိုင်ပါတယ်။

    Asp.net အသုံးပြုသူတွေကတော့ Visual Studio 2005, 2008 software စသည်ဖြင့် သုံးကြပါတယ်။ သူတို့ language ကို အသုံးပြုလွယ်ရကူအောင် UI လဲ အဆင်ပြေပြေထည့်နိုင်ရန် အတွက်ဖြစ်ပါတယ်။ .net Developer အနေနဲ့ html tag တွေကြားထဲမှာ ပျော်မွေ့ရတာမျိုးမဟုတ်ပဲ code page တခုအနေနဲ့ အသုံးပြုပြီး ရေးရတာဖြစ်လို့ error ရှာရင် ပိုလွယ်သလို html လဲသိပ်မသိလဲ အဆင်ပြေပါတယ်။ ဒါပေမဲ့ PHP အသုံးပြုရတာလောက်တော့ ပျော်စရာမကောင်းဘူး.. ဘာလို့ဆို .net က ဘောင်ခတ်ထားတယ်လို့ ခံစားရပါတယ်.. ကိုယ်ရေးချင်သလို မရေးရပဲ သူတို့ချပေးထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ အတိုင်းရေးရ လို့ပါ။ ကျွန်မက ဘောင်ခတ်ထားတာတွေ စည်းမျဉ်းစည်းကမ်းတွေ မနှစ်မြို့သူဖြစ်တဲ့အတွက် .net ကိုတော့မကြိုက်ပါဘူး။ PHP လိုအရာမျိုးကို ကြိုက်ပါတယ်။ ဒီထက်ပိုကြိုက်တာဆိုရင်တော့ ဘာ coding မှ မရေးရတာကိုပါပဲ.. အဲဒါကြောင့် ခုချိန်ထိ ကျွန်မ အသက်မွေးဝမ်းကျောင်းမှုဟာ web designer အနေနဲ့ ရပ်တည်နေဆဲပါ။

    ကဲ ဒါဆို… Web designer နဲ႕ Web Developer ဘာကွာလဲ
    ဒီစာကို ဖတ်ပြီးသူများအနေနဲ့တော့ ကိုကိုယ်တိုင်စဉ်းစားပြီး အဖြေတခုခု ရမယ်လို့မျှော်လင့်ပါတယ်။ အဲဒိ ထက် ပိုတိုးပြီး ကျွန်မ ထောက်ပြချင်ပါသေးတယ်။ ပြီးတော့မေးခွန်းတွေ ရှိလာနိုင်ပါတယ် Designer က Developer လို မရေးတတ်ဘူးလား… ဟုတ်ကဲ့ မရေးတတ်ဘူး မပြောပါဘူး။ ရေးတတ်ပါတယ်။ Developer လိုမျိုး ဆရာကြီး အဆင့်ထိတော့ မရေးနိုင်ပါဘူး။ Developer ကရော Designer တွေတတ်တဲ့ Html တွေသိထားတာပဲ သူတို့ကရော ဒီဇိုင်း ဆွဲတတ်ဘူးလား… ဟုတ်ကဲ့ မဆွဲတတ်ဘူး မရေးတတ်ဘူး မပြောပါဘူး။ Designer လိုမျိုး အမြင်ကောင်းအောင် လှပအောင်လောက်ထိတော့ create မလုပ်နိုင်ပါဘူး။ ဒါအမှန်တရားတခုပါ။

    တချို့ချို့သော လူတွေက ငါကနှစ်မျိုးလုံး ကျွမ်းကျင်ပါတယ် နှစ်မျိုးလုံးမှာ ဆရာကြီးပါလို့ ပြောတဲ့သူတွေကို ကျွန်မ အံမခမ်းလေးစားပါတယ် ချီးကျူးပါတယ်.. ပါးစပ်အပြောတင်မဟုတ်ပဲ လက်တွေ့လုပ်ပြနိုင်တဲ့သူကို တသက်လုံးလေးစားဂုဏ်ယူနေပါ့မယ်။ ဘာလို့ဆိုနှစ်ဖက်လုံးမှာ ထူးချွန်ဖို့ မဖြစ်နိုင်လို့ပါ။ တစ်ခုက အတွေး ကို စီးမျောလိုက်ရတာ.. တခုက အတွေးကို ချုပ်ထိန်းထားရတာ.. ဒီနှစ်မျိုးစလုံးကို လုပ်နိုင်တယ် ဆိုတာ အတော်အံသြစရာကောင်းတဲ့ ပါရမီမျိုး ရှိသူမှသာ ဖြစ်နိုင်ပါလိမ့်မယ်။ ကျွန်မသိသလောက် developer အများစုဟာ design အလှအပကိုခံစားနိုင်တဲ့သူ ရှားပါးတယ်။ အဲလိုပဲ designer အများစု ဟာလဲ coding ကို ကောင်းကောင်း develop လုပ်နိုင်သူမျိး မတွေ့ဖူးပါဘူး။ ဒီထဲမှာ Designer လိုင်းကို သဘောမကျလို့ ထားပြီး developer ပိုင်းကို သီးသန့် သွားသူများကို မရည်ရွယ်လိုပါ။ ကျွန်မပြောချင် တာက နှစ်ခုလုံးမှာ Professional ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ဆိုလိုချင်တာပါ။

    Web application သီး သန့်ရေးတဲ့ Company မျိုးမှာ Designer အများကြီးမလိုပါဘူး. တယောက် ရှိရုံနဲ့ တင် လုံလောက်ပေမဲ့ developer ကတော့ တယောက်ရှိ၇ုံနဲ့ မပြည့်စုံပါဘူး.. အနည်း ဆုံး နှစ်ယောက်တော့ ရှိနေ ရပါတယ်။ အဲဒါကြောင့် အလုပ်အကိုင် အခွင့်အလမ်းဟာ developer တွေ အတွက် ပိုများပါတယ်။ တချို့ ကုမ္ပဏီများမှာဖြင့် ဒီဇိုင်နာတောင် မခန့်ဘူးလို့သိရပါတယ် (ဒါကလဲ ဒီဇိုင်းတခုဟာ စီးပွားရေးတခုမှာ ဘယ်လောက်ထိ တာ သွားတယ်ဆိုတာ မသိသေးလို့ပါ)။ ကျွန်မပြော ထားခဲ့သလို Developer တွေဟာ အရေးပါအရာရောက်သူတွေဆိုရင် Designer ကရောလို့ မေးစရာ ရှိလာပါတယ်။

    ကဲ ရိုးရိုးလေးပဲ စဉ်းစားကြည့်ရအောင်…… ကျွန်မတို့ website တခုကို ကြည့်တဲ့အခါ အဲ့ဒီ website ဆွဲဆောင်မှုရှိမှ သာလျှင် ကြည့်ချင်ကြမှာမလား.. Facebook ရဲ့ system ဘယ်လောက်ကောင်းကောင်း သူ့ထဲမှာ coding ရှင်းရှင်းပဲရေးရေး ရှုပ်ရှုပ်ပဲရေးရေး ဘယ်သူမှ စိတ်မဝင်စားပါဘူး။ အဓိကက အမြင် အားဖြင့် ရှင်းလင်းနေပြီး အသုံးပြုရတာ လွယ်ကူနေလို့လဲ ဒီလောက်ထိ အောင်မြင်နေတာပါ။ facebook က usability, typography ကိုကောင်းကောင်းကြီး သဘောပေါက်ပါတယ်။ ရိုးရှင်းပေမဲ့ ဆွဲဆောင်မှု ရှိအောင် user တယောက်အနေနဲ့ ဘာကိုကြည့်ချင်တာလဲ မြင်ဖို့အတွက် ဘာတွေလုပ်ရမလဲဆိုတဲ့ idea ပေါ်မှာ ဒီဇိုင်းလေးနဲ့ ထိန်းသွားတာပါ။

    တခြားဘက် က ပြန်ပြောင်းပြောမယ်ဆိုရင်တော့ website တခုကို ကြည့်လိုက်တဲ့အခါမှာ အရင် ဆုံး ဝေဖန်ခံရတာတော့ ဒီဇိုင်းပါပဲ။ ဒီဒီဇိုင်းက ကောင်းတော့ ကောင်းတယ် ဒါလေးလိုတယ်။ မကောင်း ဘူး။ ကောင်းတယ် စသည်ဖြင့် လူမြင်သူမြင် အပြောခံရတာတော့ ဒိဇိုင်းပါ။ အဲဒိဒီဇိုင်းကလဲ website, web application အတွက် အဓိကနေရာမှာပါပါတယ်။
    Designer တယောက်ဟာ static website တခုလုံးကို တယောက်တည်း ဖန်တီးနိုင်ပေမဲ့.. Developer တယောက်အတွက် အဲဒါ ဖန်တီးဖို့ ခက်ခဲနိုင်ပါတယ်။ web application တခုကိုတော့ ဒီဇိုင်းကို ထည့်မတွက်ရင် developer တွေချည်းဖန်တီးလို့ရပါတယ်။ အဲဒါကြောင့်လဲ Designer ရော၊ developer ရော နှစ်ဦးနှစ်ဖက်အတွက် အဆင်ပြေစေမဲ့ ပေါင်းကူးဖြစ်တဲ့ Joomla, Wordpress, Drupal ဆိုတဲ့ CMS (content Management System) တွေပေါ်ထွက် လာခဲ့တာဖြစ်ပါတယ်။
    နောက်ဆုံး အနေနဲ့ ဒီဇိုင်နာမှာလဲ သူ့အခက်အခဲနဲ့ သူကြီးလေးတဲ့ တာဝန်ယူထားရသလို Developer တွေလဲ အဲဒိထက်မလျော့ပါဘူး။ သူ့အပိုင်းနဲ့သူ အားလုံးက အရေးပါအရာရောက် သူတွေဖြစ်ကြပါတယ်။ ဝါသနာအရ တာဝန်ယူရတဲ့ အပိုင်းခြင်းမတူပေမဲ့ အကောင်းဆုံး application ရဖို့အတွက် တစ်ဦးကိုတစ်ဦး မရှိမဖြစ် လိုအပ်ကြတဲ့ သူတွေပါပဲ။

    Source By https://goo.gl/CtAuur

    No comments

    fix Connection Information error at Wordpress

    Wordpress => add the following code in your Config.php file =>  define('FS_METHOD', 'direct');

    Powered by Blogger.