Header Ads

ad728
  • Breaking News

    Software Developer တစ်ယောက်ဖြစ်ချင်ရင်


    Related image

    Software Developer တစ်ယောက်ဖြစ်ချင်ရင် ဘယ်လိုအခြေခံကစရမလဲ။

    Software Developer ဆိုတဲ့လုပ်ငန်းမှာ လုပ်ငန်းအဆင့် နဲ့လုပ်ငန်းခွဲအများအပြားရှိပါတယ်။ Computer Scientist ၊ Software Engineer ၊ Programmer စသဖြင့် Software ရေးသားခြင်းလုပ်ငန်းကို အဓိကလုပ်ရတဲ့ လုပ်ငန်း တွေရှိသလို၊ Web Design ၊ Engineer ၊ Programmer စသဖြင့် Software ရေးသားခြင်းလုပ်ငန်းကို အဓိက လုပ်ရတဲ့ လုပ်ငန်းတွေရှိသလို Web Design ၊ Database ၊ Architect ၊ System Administrator ၊ Software Project Manager စတဲ့ Software ရေးသားခြင်းလုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းတွေလည်း ရှိပါတယ်။
    ဘယ်ကဏ္ဍကို သွားချင်သလဲဆိုတဲ့ပေါ်မူတည်ပြီး သွားသင့်တဲ့လမ်းကြောင်းကလည်း ကွဲပြားသွားနိုင်ပါတယ်။ ယေဘုယျအားဖြင့် စသင့်တဲ့အခြေခံတော့ ကွန်ပျူတာတက္ကသိုလ်မှာ တက်ရောက်လေ့လာခြင်း၊ နည်း ပညာတက္ကသိုလ်မှာ IT ဘာသာရပ်နဲ့ တက်ရောက်လေ့လာခြင်း၊ ဒါမှမဟုတ် ဘွဲ့ဒီဂရီတစ်ခုရတဲ့အထိ တက် ရောက်လို့ရတဲ့ ပြင်ပပုဂ္ဂလိက ကွန်ပျူတာသင်တန်းကျောင်း တစ်ခုမှာ တက်ရောက်ခြင်းအားဖြင့် စသင့်ပါတယ်။
    ဒီနေရာမှာ အချို့ကလည်း၊ တက္ကသိုလ်ကောလိပ် ကို သွားမနေတော့ဘဲ တခြားနည်း လက်တွေ့သင်တန်း တွေတန်းတက်ပြီး လုပ်ငန်းခွင် တန်းဝင်သွားကြတာတွေလည်း ရှိပါတယ်။ ဒီလိုတက္ကသိုလ်ကောလိပ်ကို မသွားဘဲ လက်တွေ့ကိုတန်းဝင်ခြင်းဖြင့် သင်ယူမှုအချိန်တော့ နည်းသွားပါတယ်။ ဒါပေမဲ့ အကန့်အသတ်တော့ ရှိသွားနိုင်ပါတယ်။
    ဥပမာ- Programmer အဖြစ်နဲ့သာ ရပ်တည်ရ ပြီး သူ့ထက် အဆင့်မြင့်လာတဲ့ Software Engineer လို Software Architecture လို အဆင့်တွေကိုတော့ ရောက်ရှိ ဖို့ ခက်ခဲသွားနိုင်ပါတယ်။ လုံးဝမရောက်နိုင်တာတော့ မဟုတ်ပါဘူး။ ကနေ့ခေတ်မှာ ကိုယ်တိုင်ကသာ လေ့လာ နိုင်စွမ်းရှိမယ်ဆိုရင် သင်ယူလေ့လာလို့ရတဲ့ နည်းလမ်းနဲ့Resource တွေက သိပ်ပေါတဲ့အတွက် လေ့လာနိုင်စွမ်း အား အလွန်ကောင်းရင်တော့ ဖြစ်သွားနိုင်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ပထမလမ်းကြောင်းဖြစ်တဲ့ တက္ကသိုလ် ကောလိပ်မှာ အခြေခံခိုင်မာအောင် အရင်လေ့လာပြီးမှ လက်တွေ့ပိုင်းကို သွားဖို့အကြုံပြုလိုပါတယ်။
    ဘယ်လိုဘာသာရပ်တွေကို လေ့လာရမလဲ။
    ဘယ္လို Knowledge ေတြ ရႇိသလဲ
    ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေအရ အလုပ်အခွင့်အလမ်း ပေါများသလို သင်ပေးနိုင်သူ ပေါများတာ ကတော့ Programmer ၊ Software Engineer နဲ့ Software Project Manager တို့ ဖြစ်ပါတယ်။ အခြားကဏ္ဍတွေကတော့ နိုင်ငံတကာမှာ အလုပ်အကိုင်အခွင့်အလမ်း ကောင်းကြပေမဲ့ ဒီမှာ အခွင့်အလမ်းနည်းကြပါတယ်။
    Programmer ဆိုတာကတော့ Software တစ်ခု ဖြစ်မြောက်လာဖို့ လိုအပ်တဲ့ Code တွေကို လက်တွေ့ရေး သားသူလို့အလွယ်ပြောနိုင်ပါတယ်။
    Software Engineer ကတော့ လက်တွေ့ Code တွေ ရေးသားရုံသာမက အဲဒီ Software ရဲ့ နောက်ကွယ်က လိုအပ်ချက်တွေဖြစ်တဲ့ စွမ်းဆောင်ရည်ကောင်းဖို့၊ လုံခြုံစိတ်ချရဖို့ စတဲ့ လုပ်ငန်းတွေအတွက် Plan တွေ Architecture တွေကိုပါ ဆုံးဖြတ်ဖန်တီးနိုင်စွမ်းရှိသူတွေ ဖြစ်ပါတယ်။
    Software Project Manager ကတော့ Software တစ်ခု ဖြစ်မြောက်လာဖို့ ဝိုင်းဝန်းဆောင်ရွက်ကြတဲ့ Programmer တွေ Software Engineer တွေကို စီမံခန့်ခွဲပြီး Director အဖွဲ့ဝင်တွေ၊ Customer တွေနဲ့၊ အသုံးပြုသူ User တွေနဲ့ဆက်ဆံဆောင်ရွက်နိုင်သူဖြစ်ပါတယ်။
    အခြေခံအားဖြင့် အစမှာ Programmer အဖြစ် စကြပြီး၊ လိုအပ်တဲ့အတွေ့အကြုံတွေရလာပြီဆိုတဲ့ အချို့ နည်းပညာအားသန်သူတွေက Software Engineer အဆင့်ကို တက်လှမ်းကြပြီး၊ လုပ်ငန်းပိုင်းအားသန်သူက Project Manager ဖြစ်လာကြသူတွေလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Programmer ကနေတော့ စကြရပါ တယ်။ အချို့ခြွင်းချက်အနေနဲ့Project Manager အဖြစ် တိုက်ရိုက်ဝင်ရောက်သူတွေ ရှိပါတယ်။ အောင်မြင်သူ အနည်းငယ်ရှိပေမယ့် ဒီလိုတိုက်ရိုက်တက်လှမ်းခြင်းဟာလိုအပ်တဲ့လုပ်ငန်းသဘော
    အောက်သက်မကြေလို့ ရေရှည်အောင်မြင်ဖို့ခက်တတ်ပါတယ်။
    ရွေးချယ်နိုင်တဲ့ Career လမ်းကြောင်းတွေ
    Programmer အဖြစ် စတင်ကြတဲ့အခါ ကနေ့ခေတ်စား တဲ့ ရွေးချယ်စရာလမ်းကြောင်းတွေကတော့၊ Business Solution Developer ၊ Mobile App Developer နဲ့Web Developer တို့ပဲ ဖြစ်ပါတယ်။ Business Solution Developer တွေအနေနဲ့လုပ်ငန်းသုံး Software တွေ
    ရေးသားခြင်းအပိုင်းကို အဓိကထားကြသူတွေဖြစ်ပါတယ်။
    ဒီလမ်းကြောင်းကို လိုက်မယ်ဆိုရင်တော့ JavaEE ၊ Microsoft Net တို့လို နည်းပညာတွေကို အသားပေး လေ့လာကြရပါတယ်။
    Mobile App Developer အနေနဲ့ကတော့ Smart Phone ၊ Tablet စတဲ့ Mobile Device တွေမှာ အလုပ်လုပ်တဲ့ App တွေ ရေးသားခြင်းအပိုင်းကို အဓိကထားကြသူတွေ ဖြစ်ပါတယ်။ ဒီလမ်းကြောင်းကို လိုက်လိုရင်တော့ Java Programming Language ကို အခြေပြုလေ့လာရတဲ့ Android Platform နဲ့ Obkective-C ၊ Swift စတဲ့ Programming Language တွေကို အခြေပြုလေ့လာတဲ့ iOS Platform တို့ကို အသားပေး လေ့လာရပါတယ်။ Web Developer တွေကတော့ Website တေန့ဲ Web Application တွေရေးသားတည် ဆောက်ခြင်းအပိုင်းကို အဓိကထားကြသူတွေဖြစ်ပါတယ်။
    ဒီကဏ္ဍမှာတော့ HTML 5 ၊ PHP ၊ Java Script စတဲ့နည်းပညာတွေကို အတွဲလိုက်လေ့လာရတဲ့သဘော ရှိပါတယ်။ လမ်းကြောင်းတစ်ခုထက်ပိုပြီး လုပ်မယ်ဆိုရင်လည်း ရနိုင်ပါတယ်။ လုပ်ကြသူတွေ ရှိပါတယ်။
    ဒါပေမဲ့ အစပိုင်း မှာတော့ တစ်ခုကိုသာ ရွေးချယ်အစပြုသင့်ပါတယ်။
    Online Resources For Self-Study
    Online ကနေ Self-study လုပ်ဖို့အတွက်ဆိုရင် ပထမဆုံး အစပြုသင့်တာကတော့ MIT (Massachusetts Institute of Technology) က ပေးထားတဲ့ Introduction to Computer Science and Programming ဆိုတဲ့ Course ကနေ အစပြုသင့်ပါတယ်။
    https://ocw.mit.edu/courses/intro-programming/
    ပြီးတဲ့အခါ မိမိနှစ်သက်ရာ ဘာသာရပ်အလိုက် Udacity နဲ့ Khan Academy က ပေးထားတဲ့ Course တွေကို ဆက်လက်လေ့လာသင့်ပါတယ်။ အခပေး Course တွေ ရှိသလို အခမဲ့ပေးထားတဲ့ Course တွေလည်း ဘာ သာရပ် စုံစုံလင်လင်အတွက် ရှိပါတယ်။
    ကျွန်တော်ရေးသားထားတဲ့ Professional Web Developer စာအုပ်တစ်အုပ်လည်း ရှိပါတယ်။ PHP/MySQL နဲ့ Professional Web Developer တစ်ဦးသိသင့်တဲ့ နည်းပညာတွေကို စုစည်းဖော်ပြထားခြင်း ဖြစ်ပါတယ်။ PDF Ebook အနေန ဲ့ အခမဲ့ ရယူနိုင်ပါတယ်။
    Professional Web Developer : http://pwdbook.com/
    ဆက်လက်ပြီး နေ့စဉ် ၊ ဒါမှမဟုတ် အပတ်စဉ် နည်းပညာ ဆောင်းပါးတွေ ဖော်ပြတဲ့ Online Magazine တွေနဲ့ Blog တွေလည်းရှိပါတယ်။ Web Development နဲ့ပတ်သက်ရင် အမြဲစောင့်ဖတ်သင့်တာတွေကို ဖော်ပြ လိုက်ပါတယ်။
    Smashing Magazing:
    https://www.smashingmagazine.com
    Tutorial Plus : http://code.tutsplus.com/
    SitePoint : http://www.sitepoint.com/
    အခြားဘာသာရပ်တွေအတွက်လည်း အလားတူ အမြဲဖတ်သင့်တဲ့
    Online Marketing တွေနဲ့Blog တွေ ရှိပါတယ်။ မိမိစိတ်ဝင်စားစရာ ဘာသာရပ်အလိုက် ရှာဖွေလေ့လာသင့်ပါတယ်။
    မြန်မာနိုင်ငံအတွင်း သယ်ယူလေ့လာသင့်တဲ့
    သင်တန်း/ ကျောင်းတွေ
    ကျွန်တော်လေ့လာသင်ယူခဲ့တာက လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကဆိုတော့ အဲဒီအချိန်က ထင်ရှားတဲ့ သင်တန်းတွေ အခု မရှိကြတော့ပါဘူး။ အခုချိန်မှာတာ့ ကျွန်တော်ကိုယ်တိုင် တက်ရောက်သင်ယူနေတာမဟုတ်တဲ့အတွက် ဘယ်သင်တန်းကျောင်း ကောင်းတယ် ၊ မကောင်းဘူးဆိုတာကို မသိတော့ပါဘူး။ ဒါကြောင့် သင်တန်းကျောင်းတွေကိုတော့ နာမည်တပ်ပြီး မပြောနိုင်ပါဘူး။
    ရန်ကုန်တက္ကသိုလ်ထဲမှာဖွင့်တဲ့ WBTS ဆိုတဲ့ သင်တန်းကျောင်းမှာတော့ ဘွဲ့လွန်ဒီပလိုမာတက်ပြီး ကွန် ပျူတာပိုင်းဆိုင်ရာ Master တန်းဆက်တက်လို့ရပါတယ်။ ဘွဲ့ရပြီးသူတွေမှသာတက်လို့ ရပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကွန်ပျူတာတက္ကသိုလ်တို့ နည်းပညာတက္ကသိုလ် တို့ကနေ ကွန်ပျူတာဘွဲ့မရပေမယ့် ကွန်ပျူတာပိုင်းဆိုင်ရာ ဘွဲ့တစ်ခုကို လိုချင်နေသူတွေအတွက် အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။
    ကျွန်တော်ကိုယ်တိုင် သင်ကြားပေးနေတဲ့ Fairway လို့ ခေါ်တဲ့သင်တန်းတစ်ခုတော့ ရှိပါတယ်။ ဒါပေမဲ့ အခြေခံကနေစပြီး သင်တန်းအတန်းမဟုတ်သလို ဘာသာရပ်အစုံ သင်တဲ့သင်တန်းလည်း မဟုတ်ပါဘူး။ Web Development တစ်ခုတည်းကိုသာ သီးသန့်သင်တဲ့ အတန်း ဖြစ်ပါတယ်။
    အထက်မှာ သွားသင့်တဲ့ အဆင့်တွေကို ပြောခဲ့ပြီးဖြစ်လို့သက်ဆိုင်ရာ အဆင့်အလိုက် သင်ပေးနိုင်တဲ့ သင်တန်းကျောင်းကို ရှာဖွေလေ့လာပြီး တက်ရောက်ပါလို့ ပဲအကြုံပြုနိုင်ပါတယ်။
    သင်တန်းကျောင်းတစ်ခုထဲမှာ အစ ကနေ အဆုံးတက်မှရယ် မဟုတ်ပါဘူး။ မိမိတက်ရောက်လိုတဲ့ ဘာသာရပ်အလိုက် သီးသန့်သင်ကြားပေးတဲ့ သင်တန်းတွေ၊ နာမည်ကောင်းရှိတဲ့ သင်တန်းတွေ ရှာဖွေလေ့လာတက်ရောက်နိုင်ပါတယ်။
    နိုင်ငံခြားမှာ ကျောင်းဆက်တက်
    ပြည်တွင်းသင်တန်းအချို့က NCC လို တက္ကသိုလ်တွေနဲ့ချိတ်ဆက်သင်ကြားပေးကြတာတွေ ရှိတဲ့အတွက်
    First Year ၊ Second Year ေလာက္ကို
    ပြည်တွင်းမှာတက်ပြီး နောက်ဆုံးနှစ်ကို ပြည်ပမှာ သွားတက်ကြတာတွေ ရှိပါတယ်။ အရင်တုန်းကတော့ ဘွဲ့ရဖို့ဆိုရင် နောက်ဆုံးနှစ်ကို ပြည်ပမှာပဲ သွားတက်လို့ရပေမယ့် အခုတော့ ပြည်တွင်း မှာတင် ဘွဲ့ရသည်အထိ တက်လို့ရတယ်လို့ ဆိုပါတယ်။
    အဲဒီလို ပြည်ပတက္ကသိုလ်နဲ့ ချိတ်ဆက်ထားခြင်း မဟုတ်တဲ့ ကွန်ပျူတာတက္ကသိုလ်တို့ နည်းပညာတက္ကသိုလ် တို့ကနေ ဘွဲ့ရထားရင်လည်း လိုအပ်တဲ့ ဝင်ခွင့်စာမေးပွဲတွေ ဖြေပြီး ပြည်ပမှာ ဆက်တက်လို့ရတဲ့ အခွင့်အရေးတွေ ရှိပါတယ်။ (ဥပမာ- စင်ကာပူ NUS)။ ကွန်ပျူတာနဲ့ ပတ်သက်တဲ့ ဘွဲ့မဟုတ်ဘဲ ရိုးရိုးဘွဲ့ပဲရထားရင်လည်း လုပ်ငန်း အတွေ့အကြုံရှိရင် တက်ခွင့်ပြုတယ်လို့ သိရပါတယ်။ ကျွန်တော့်ဆီမှာ သင်တန်းလည်းတက်၊ လက်တွေ့လည်း နှစ်နှစ်ကျော် ဝင်လုပ်သွားတဲ့ တပည့်တစ်ယောက်တော့ တစ်လောကပဲ အဲဒီနည်းနဲ့တက်ခွင့်ရသွားပါတယ်။
    ပြည်တွင်းမှာလုပ်ငန်းခွင်ဝင်ဖို့အတွက်ဆိုရင်
    ဘာတွေ ပြင်ဆင်သင့်သလဲ
    လုပ်ငန်းခွင်ဝင်နိုင်ဖို့အတွက် အရေးကြီးဆုံးကတော့ အလုပ်သင်ပါပဲ။ ဘယ်လိုကျောင်းမျိုးတွေပဲ တက်ထားပါစေ။ လက်တွေ့အတွေ့အကြုံမရှိဘဲနဲ့တော့ လုပ်ငန်းခွင်တန်းဝင် လို့ရမှာမဟုတ်ပါဘူး။ အရင်တုန်းတော့ သင်တန်းဆင်းထားကြောင်း၊ တတ်မြောက်ကြောင်း Certificate တွေ များများ ရှိရင် အလုပ်အခွင့်အလမ်းကောင်းပါတယ်။ အခုတော့ အဲ့ဒီလိုမဟုတ်တော့ပါဘူး။ လက်တွေ့တကယ်လုပ်နိုင်သူ အတွက်သာ အလုပ်အခွင့်အလမ်းက ကောင်းမှာဖြစ်ပါ တယ်။ သင်တန်းဆင်းလက်မှတ်တွေ Certificate တွေဟာ
    First Impression ဖြစ်တဲ့အတွက် လိုတော့လိုအပ်ပါတယ်။ ဒါပေမဲ့ အလုပ်ရဖို့အာမခံချက်တော့ မဟုတ်ပါဘူး။ လက်တွေ့လုပ်နိုင်ဖို့အတွက်ဆိုရင် အလုပ်သင်နည်းလမ်းက အထိရောက်ဆုံးဖြစ်ပါတယ်။ ဒါကြောင့် ထိုက်သင့်တဲ့ သင်တန်းဆင်းလက်မှတ်တွေလည်း ရယူပြီး အလုပ်သင်လည်း ကာလတစ်ခု လုပ်ဖူးထားမယ်ဆိုရင် လုပ်ငန်းခွင်ဝင်နိုင်ဖို့ အဆင်ပြေသွားမှာပါ။
    ဆောင်ရန်အချက်တွေ
    နည်းပညာဆိုတာ အဆက်မပြတ်တိုးတက်ပြောင်းလဲနေတဲ့အတွက် အဆက်မပြတ် လေ့လာသယ်ယူတတ်တဲ့ အလေ့အထကို မေးမြူထားဖို့လိုပါတယ်။ စူးစမ်းလိုစိတ် ရှိပြီး အဆက်မပြတ်လေ့လာသင်ယူလိုစိတ် ပြင်းပြသူမှသာ အောင်မြင်တဲ့ Software Developer ဖြစ်လာကြလေ့ရှိပါ တယ်။
    ရှောင်ရန်အချက်တွေ
    လေ့လာရာမှာ ထိရောက်တဲ့လေ့လာနည်းဆိုတာ ရှိပေမယ့်ဖြတ်လမ်းကိုတော့ မလိုက်ဖို့လိုပါတယ်။ အဆင့် အလိုက် စနစ်တကျလေ့လာခြင်းနဲ့ မြန်မြန်အလုပ်ဖြစ်စေတဲ့ဖြတ်လမ်းနည်းယှဉ်လာတဲ့အခါ မြန်မြန်အလုပ်ဖြစ်စေတဲ့နည်းကိုရွေးခဲ့မိလို့ နောက်ပိုင်းအဆင့်တစ်ခု ရောက်တဲ့အခါ ရှေ့မဆက်နိုင်ဘဲ တစ်ကနေ ပြန်စလေ့လာကြရတဲ့ အဖြစ်တွေ မကြာမကြာ တွေ့ရပါတယ်။ ဥပမာ- jQuery န ဲ့ JavaScript ဆိုတဲ့ နည်းပညာနှစ်ခုမှာ စနစ်ကျတဲ့လေ့လာနည်းက JavaScript ကို အရင်လေ့လာပြီးမှ jQuery ကိုလေ့လာရတဲ့သဘောဖြစ်ပါတယ်။ ဒါကို မြန်မြန်အလုပ် ဖြစ်စေဖို့ JavaScript ကိုကျော်ပြီး jQuery ကို တမ်းလေ့ လာရင် ခဏအလုပ်ဖြစ်ပြီး မြန်မြန်တက်သွားတယ်လို့ထင်ရပေမဲ့
    နောက်ပိုင်းမှာ ရှေ့ဆက်မရတော့လို့JavaScript ကို
    ပြန်လေ့လာရတဲ့အတွက် အချိန်ပိုကြာသွားမှာ ပဲ ဖြစ်ပါတယ်။
    သိမှတ်စေချင်သော အချက်များ
    ကနေ့အချိန်ဟာ ကွန်ပျူတာခေတ်ဖြစ်တဲ့အားလျော်စွာ Software Developer များအတွက် ပြည်တွင်း၊ ပြည်ပ အလုပ်အခွင့်အလမ်းနဲ့အနာဂတ်အလားအလာတွေဟာ အတော့်ကို ကောင်းမွန်ပါတယ်။ ပြီးတော့ ဒီနည်းပညာ ဟာ လေ့လာအားကောင်းမယ်ဆိုရင် သင်ယူလေ့လာစရာ Resource တွေ အလွယ်တကူ ရှိနေတဲ့အတွက် သင်ယူ လွယ်ကူတဲ့ ပညာရပ်လို့လည်း ဆိုနိုင်ပါတယ်။ ဘာသာရပ်ကို လွယ်ကူတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ သင်ယူစရာပေါများလို့သင်ရလွယ်တယ်လို့ပြောတာပါ။ တတ်မြောက်ဖို့အတွက်ကတော့ ကြိုးစားနိုင်မှရမှာပါ။ လုပ်ငန်းသဘော သဘာဝအရလည်း ဖန်တီးတီထွင်ရခြင်းဖြစ်လို့ ပျော်ဖို့ကောင်းတဲ့၊ စိတ်ဝင်စားဖို့ကောင်းတဲ့ အလုပ်ဖြစ်ပါတယ်။ ဒါကြောင့် လူငယ်တွေအနေနဲ့ မိမိတို့ရဲ့အနာဂတ်ကို Software Developer တစ်ယောက်အနေနဲ့တည်ဆောက်သင့်ကြောင်းကို အားပေးအကြံပြုလိုပါတယ်။

    By Ei Maung

    No comments

    fix Connection Information error at Wordpress

    Wordpress => add the following code in your Config.php file =>  define('FS_METHOD', 'direct');

    Powered by Blogger.