Header Ads

ad728
  • Breaking News

    BroadcastReceiver အသုံးပြုခြင်း

    Broadcast လုပ်တယ် ဆိုတာ ရေဒီယို အသံ လွှင့်တာ။ သတင်း အချက်အလက် တခု အသစ် ဖြစ်ပေါ်လာတဲ့အခါ သက်ဆိုင်ရာ ရေဒီယို အသံလွှင့် ဌာနကနေ ရေဒီယို လှိုင်းကို ထုတ်လွှင့်လိုက်တယ်။ အဲဒီ ရေဒီယို လှိုင်းရဲ့ frequency ကို ချိန်ညှိ ထားတဲ့ ရေဒီယိုမှာ ဖမ်းယူ နားဆင်နိုင်တယ်။ ဒီ ရေဒီယိုဟာ Receiver ဖြစ်ပါတယ်။
    Android မှာလဲ အလားတူ ပုံစံ ရှိပါတယ်။

    သတင်း အချက်အလက်
    =================
    အင်တာနက် ပွင့်သွားတာ။ ပိတ်သွားတာ။ ဘက်ထရီ အားနည်းသွားတာ။ ချာဂျာ တပ်လိုက်တာ ဖြုတ်လိုက်တာ။ SMS ဝင်လာတာ။ ဖုန်းခေါ်လိုက်တာ။ ဖုန်းဝင်လာတာ။ Boot complete ဖြစ်သွားတာ။ Mediaplayer play လိုက်တာ။ camera ရိုက်လိုက်တာ။ စသည်။
    =========
    Android system
    ===========
    မိမိရဲ့ application
    =================
    ကိုယ် စိတ်ဝင်စားတဲ့ ပြောင်းလဲမှု တခုပေါ်မှာ မူတည်ပြီး အလုပ် လုပ်သွားနိုင်တယ်။
    ဥပမာ = Spy application တွေပေါ့ဗျာ။ 
    အသံလွှင့်သူ
    အသံဖမ်းပြီး စောင့်မျှော် နားထောင်နေသူ

    ဘယ်လိုအသုံးဝင်သလဲ?

    ၁။ SMS ပို့ပြီး ဖုန်းတလုံးကို အဝေးကနေ ထိန်းချုပ် ခိုင်းစေနိုင်တယ်။
    "play" ဆိုတဲ့ SMS ဝင်လာရင် သီချင်းတပုဒ်ကို play စေမယ်။
    "camera" ဆိုတဲ့ SMS ဝင်လာရင် ၅စက္ကန့် တခါ ဓာတ်ပုံ ၁၀ ပုံ ရိုက်ပြီး mail ပို့စေမယ်။
    "record" ဆိုတဲ့ SMS ဝင်လာရင် ၅ မိနစ်လောက် အသံသွင်းပြီး folder တနေရာမှာ သိမ်းသွားစေမယ်။
    ၂။ သတ်မှတ်ထားတဲ့ ဖုန်းနံပတ်နဲ့ call ဝင်လာရင် block လုပ်တာ။
    ဖုန်း auto ချပစ်တာ။ auto answer လုပ်တာ။
    ၃။ ဖုန်း ဘက်ထရီ အားနည်းသွားရင် မြန်မာလို အသံထွက်ပြီး သတိပေးတာ။


    No comments

    fix Connection Information error at Wordpress

    Wordpress => add the following code in your Config.php file =>  define('FS_METHOD', 'direct');

    Powered by Blogger.