Header Ads

ad728
  • Breaking News

    Google Adsense

    How to make money with Google AdSense - Yaioa Blog
     - Visitors လာရောက်မှု နှုန်း အနည်းအများ
    - Visitors တွေ Site ပေါ်မှာ Webpage တွေကြည့်နေတဲ့ အချိန်အနည်းအများ ကွာခြင်း
    - Visitors တွေ Site ပေါ်မှာ ထည့်ထားတဲ့ ကြေငြာတွေကို Click ကြည့်တဲ့နှုန်းများခြင်း ( နိုင်ငံအလိုက်ပေါ်မှာ Click ဝင်ငွေကွာသည် )
    - အသုံးဝင်သော . လူကြိုက်များသော Content/Post များကို Visitors ဝင်ရောက်ကြည့်ရှုမှု နှုန်း မြင့်မားခြင်း အဲဒါတွေ ပြည့်စုံနေမှ Google Adsense ဝင်ငွေကောင်းမွန်မည်ဖြစ်သည်။ 

    ကျနော့်Site မှ Google Adsense ဝင်ငွေသည် ပျှမ်းမျှအနေနဲ့$0.55 ကနေ $3 ကြားထဲမှာပဲ ရှိနေသည်။ Website သက်တမ်း နုနေသေးတာလည်းပါတယ်။ Website သက်တမ်းကြာမြင့်လာတာနဲ့အမျှလည်း ဝင်ငွေတက်လာနိုင်ပါတယ်။ Visitors တွေပိုများလာမည်ဆိုသောကြောင့်ဖြစ်သည်။ အခုလောလောဆယ်တော့ ပျှမ်းမျှအနေအထားတစ်ခုမှာပဲရှိပါသေးသည်။ ဆိုတော့ . 
    အထက်ပါ အချက်လေးချက်နဲ့ပြည့်စုံတဲ့နေ့သည် ဝင်ငွေ အရမ်းကောင်းသည့်နေ့ဖြစ်သည်။ မပြည့်စုံတဲ့နေ့ဆိုလျှင် ဝင်ငွေနည်းသည်။ 

    - Visitors လာရောက်မှု နှုန်း အနည်းအများ အဲဒါကို Traffic လို့ခေါ်ပါတယ်။ 

    - Direct Traffic ( home page website link URL )
    - Social Traffic ( Facebook , Google+ , Linkedin , Pinterest , Youtube , Twitter , etc ).
    - Organic Search ( Search Engines : google , bing , yahoo , etc )
    - Referral Traffic ( Affiliate websites ) 

    Google Adsense ဝင်ငွေကောင်းနိုင်မယ့် Traffic တွေက Social Traffic , Organic Search ဖြစ်ပါတယ်။
    Direct Traffic ဆိုတာကတော့ ကိုယ့် Website ကို Browser bar တန်းကနေ site လိပ်စာကို ရိုက်ပြီးမှ ဝင်ရောက်လာတဲ့ Site Visitors တွေ ဖြစ်ပါတယ်။ 

    Social Traffic ကနေတစ်ဆင့် site visitors တွေ တက်ချင်တယ်ဆိုရင် . Facebook , Google+ , Linkedin , Pinterest , Youtube , Twitter စသည့် Social Platform တွေမှာ ကိုယ့် Website Link တွေ ကို တင်ပေးရမယ်။ Website က Post တွေကို Share ထားရပါမယ်။ 

    Organic Search ကနေ တစ်ဆင့် Site Visitors ကောင်းမွန်လာအောင် SSL (https://) ထည့်ရမယ် . Website မှာ keywords တွေ ထည့်ထားရမယ် . Sitemap တည်ဆောက်ရပါမယ်။ Google Search Console မှာလည်း Link Index တည်ဆောက်ထားရပါမယ်။ Google Page Rank ကောင်းတဲ့ Website တွေရ ဲ့အောက်မှာ မိမိ Site လိပ်စာကို comment ပေးခြင်း ၊ Youtube Channel တွေအောက်မှာ Site လိပ်စာကို Share ခြင်း ( Comment ပေးခြင်းကတော့ တခြားသူ Post အောက်မှာဆိုတော့ ကိုယ့်အနေနဲ့ပေးတဲ့ comment တွေကတော့ လိုက်လျောညီထွေမှုတော့ ဖြစ်ဖို့အရေးကြီးပါတယ်။ ဥပမာ . huawei firmware ဆိုရင် ကိုယ့် site မှာရှိတဲ့ huawei firmware link ကို ပေးဖို့comment မျိုးဖြစ်ဖို့လိုအပ်ပါတယ်။ )

    Referral Traffic ဆိုတာကတော့ Paid Traffic တွေဖြစ်ပါတယ်။ Traffic များအောင် bot traffic တွေ ဝယ်ပြီးတော့ visitors တက်အောင်လုပ်တာပါ။ Alexa Rank အတွက်တော့ ကောင်းမွန်ပေမယ့် Google Adsense မှာတော့ Bot Traffic တွေကို လက်မခံပါဘူး . Google Adsense Account ရာသက်ပန် ပိတ်ခံရနိုင်ပါတယ်။ 

    Adsense ဝင်ငွေကောင်းမွန်ဖို့အတွက် နောက်ထပ်အရေးကြီးတာကတော့ Contents ဆိုတဲ့ လူစိတ်ဝင်စားနိုင်မယ့် အကြောင်းအရာမျိုးတွေကို Website မှာ တင်ပေးနိုင်ရပါမယ်။
    ဥပမာ . Fashion , Medical , Technology စသည်ဖြင့် မိမိတည်ဆောက်ထားတဲ့ Website နဲ့ပက်သက်တဲ့အကြောင်းအရာတွေကို ဆန်းသစ်တီထွင်ပြီးရေးသားနိုင်ရပါမယ်။ 

    Google Adsense မှာ Copyright ဆိုတဲ့ အကြောင်းအရာမျိုး တင်ထားတဲ့ Music , Movie , Cracking , Hacking Website မျိုး စတာတွေကို လက်မခံပါဘူး . Google Adsense မှာ Warning သတိပေးချက်တက်လာပါမယ်။ လုပ်ရမှာက တစ်ခုပဲ ရှိပါတယ်။ Google Adsense Code တွေကို မိမိ Website မှ ဖယ်ရှားပြီးတာနဲ့Google Adsense ကို Review ပြန်လုပ်ခိုင်းရပါမယ်။ အဲဒါမှ Google မှ Review စစ်ဆေးပြီးတာနဲ့Warning သတိပေးချက် ကင်းစင်သွားပါလိမ့်မယ်. 

    Google Adsense ဆိုတာက Site မှာ ကြေငြာထည့်ပေးရပြီး အဲ့မှတစ်ဆင့် ဝင်ငွေရနိုင်တဲ့ Ads Network တစ်ခုပါပဲ .. တခြား Ads Network တွေနဲ့မတူတာကတော့ Website Contents + Visitors များလာလေ . ဝင်ငွေကောင်းလာလေ ဖြစ်ပါတယ်။ ကြိုးစားအားထုတ်မှုတော့ ပြုရမှာပါ။ 

    Google Adsense Account ဖွင့်မယ်ဆိုရင် Ads မှတစ်ဆင့်ရလာတဲ့ ဝင်ငွေတွေကို ထုတ်ယူဖို့အတွက် ငွေထုတ်ယူလို့ရနိုင်မယ့် နိုင်ငံနဲ့လိပ်စာ အတိအကျ ရှိမှသာ Adsense Account ပြုလုပ်လို့ရမှာပါ။အမြဲနေထိုင်တဲ့ နိုင်ငံခြားမှ သူငယ်ချင်း ၊ ဆွေမျိုးတွေရှိမယ်ဆိုရင် ပိုအဆင်ပြေပါတယ်။ အဲဒီလိုအခြေအနေတွေမရှိပဲ နိုင်ငံနဲ့လိပ်စာ အတိအကျမဟုတ်ဘဲ တွေ့ကရာ နိုင်ငံတွေလိပ်စာတွေထည့်ပြီးတော့ လုပ်လည်း ရပါတယ်။ Adsense Account တော့ ရသွားပါလိမ့်မယ်။ သို့ပေမယ့် ငွေထုတ်ယူလို့ရနိုင်မည် မဟုတ်ပါ။ 

    Adsense Approve နဲ့Adsense PIN Verfiy ဆိုတာလည်း ရှိပါသေးတယ်။
    Adsense Approve ဆိုတာက Adsense Account ဖွင့်တာ အောင်မြင်ပြီးတာနဲ့လုပ်ဆောင်ချက်အပြည့်အဝသုံးလို့မရသေးပါ။ Google Adsense ထည့်ချင်တဲ့ မိမိ Website ကို Approve ပြုလုပ်ပေးရပါမယ်။မိမိ Website ကို Google Adsense မှ Approve ဖြစ်သွားပြီဆိုရင်တော့ Google Adsense Code ကို မိမိ Website မှာ ထည့်သွင်းပြီး ကြေငြာများပြသခွင့်ရသွားမှာပါ။ Adsense Approve ဖြစ်ဖို့ကလည်း Website Visitors များရပါမယ်။ နောက်တစ်ချက်က Website မှာ Google Adsense အတွက် ဘောင်ဝင်အောင် လိုအပ်တဲ့ Webpage တွေ ထည့်ပေးရမယ်။ အဲဒီ Webpage တွေကတော့ About Us, Contact Us , Disclaimer , Privacy Policy စသည့် webpage တွေကို မိမိ Website မှာ ထည်သွင်းတည်ဆောက်ထားပေးရပါမယ်။ Language Support ကတော့ မြန်မာလိုရေးသားထားသော Website များကို Google Adsense က လက်မခံပါ။ မြန်မာလိုရေးထားသော ဓာတ်ပုံများဆိုရင်တော့ ရပါတယ်။ ဓာတ်ပုံတွေ အရမ်းများလွန်းရင် မရနိုင်ပါ။
    Adsense PIN Verify အကြောင်းဆက်ပြောပြပါမယ် .... 

    Adsense Approve ကိစ္စအောင်မြင်သွားပြီ . Website မှာလည်း Ads က အလုပ်လုပ်နေပြိးဆိုတာနဲ့နေ့စဉ် $ ဝင်လာပါမယ်။ $10 ဝင်ငွေကျော်လာပြီဆိုတဲ့အချိန်မှာ Google Adsense ကနေပြီး သင့် Adsense Account မှတစ်ဆင့် သင့်ရဲ့နေရပ်လိပ်စာကို အတည်ပြုခိုင်းပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ Google Adsense မှ PIN Code နံပါတ်ကို စာတိုက်မှတစ်ဆင့် သင့်နေရပ်ဆီသို့ပို့ပေးမှာဖြစ်ပါတယ်။ အဲဒီ PIN Code ရပြီဆိုရင် စာအိတ်ထဲမှာပါတဲ့ PIN Code တွေကို သင့် Google Adsense Account ထဲမှာ ဖြည့်ပေးရမှာပါ။ မှန်ကန်ပြည့်စုံသွားပြီးဆိုရင်တော့ ငွေထုတ်ယူလို့ရမယ့် သင့် ဘဏ်အကောင့် တွေ ဖြည့်ပေးရမယ်။ အနည်းဆုံး $100 ပြည့်မှသာ Google Adsense မှ သင့်ဆီသို့check လက်မှတ် သို့သင် ဖြည့်သွင်းထားသော သင့် Western Union Account သို့ပို့ပေးမှာဖြစ်ပါတယ်။
    Google Adsense မှ ဝင်ငွေရှာမည်ဆိုသူများအတွက် အဆင်ပြေကြပါစေ











    Credit to Ko Soe Myint Kyaw

    No comments

    fix Connection Information error at Wordpress

    Wordpress => add the following code in your Config.php file =>  define('FS_METHOD', 'direct');

    Powered by Blogger.